ပို၍/ကောင်းသော/ပဋိညာဉ်/၏ ယဇ်ပုရောဟိတ်မင်း
8
ကျွန်ုပ်တို့ ပြောဆိုနေသော အဓိက/အချက်/မှာ ထိုသို့သော/ယဇ်ပုရောဟိတ်မင်း/တစ်ဦး/သည် ကျွန်ုပ်တို့/၌/ရှိ၏။ ထို/ယဇ်ပုရောဟိတ်/သည် ကောင်းကင်ဘုံ/၌ ဘုန်းကြီးသော/တန်ခိုးရှင်/၏ ရာဇပလ္လင်/လက်ယာတော်/ဘက်/၌ ထိုင်တော်မူပြီး 2 သန့်ရှင်းရာ/ဌာနတော်/၌ အမှု/ထမ်းဆောင်သူ/ဖြစ်၏။ ဤ/သန့်ရှင်းရာ/ဌာနတော်/သည် လူ/က တည်ဆောက်ထားသော တဲတော်/မဟုတ်ဘဲ ထာဝရဘုရား/ကိုယ်တိုင် တည်ဆောက်ထားသည့် စစ်မှန်သော/တဲတော်/ဖြစ်၏။3 ယဇ်ပုရောဟိတ်မင်း/ဟူသည် ပူဇော်စရာများ/နှင့် ယဇ်များ/ကို ဘုရားသခင်/ထံ ပူဇော်/ရန် ခန့်အပ်ခြင်း/ခံရသူ/ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့/၏/ယဇ်ပုရောဟိတ်မင်း/သည်/လည်း ပူဇော်စရာ/တစ်စုံတစ်ခု/ရှိရမည်။ 4 ဘုရားသခင်/အား ပညတ်တရား/အရ ပူဇော်စရာများ/ပူဇော်ရသော ယဇ်ပုရောဟိတ်များ/သည် ကမ္ဘာလောက/တွင် ရှိနေပြီ/ဖြစ်/သောကြောင့် ကိုယ်တော်/သည် ကမ္ဘာလောက/တွင်/ရှိခဲ့/လျှင် ယဇ်ပုရောဟိတ်/ဖြစ်မည်/မဟုတ်။ 5 မောရှေ/သည် တဲတော်/ဆောက်/သောအခါ ဘုရားသခင်/က “တောင်ပေါ်/၌ သင့်/အား ပြသော/ပုံစံ/အတိုင်း အရာ/အားလုံး/ကို ဆောက်လော့” ဟု သတိပေးတော်မူခဲ့သည်/ဖြစ်၍ ထို/ယဇ်ပုရောဟိတ်များ/အမှု/ထမ်းဆောင်ရာ တဲတော်/သည်လည်း ကောင်းကင်ဘုံ/၌ ရှိသော တဲတော်/ကို ထင်ဟပ်/ရန်/နှင့် ပုံတူ/ယူ/ရန်/ဖြစ်၏။ 6 သို့သော် ကျွန်ုပ်တို့/၏ ယဇ်ပုရောဟိတ်မင်း/ယေရှု/သည် ယခင်/ယဇ်ပုရောဟိတ်များ/ထမ်းဆောင်ရသော/အမှု/တာဝန်/ထက် ပို/၍ ကောင်းသော/အမှု/တာဝန်/ကို လက်ခံရရှိသူ/ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်/သည် ပို/၍ ကောင်းသော/ကတိတော်များ/ပေါ်/တွင် အခြေခံသည့် ပို/၍ ကောင်းသော/ပဋိညာဉ်/ကို ဘုရားသခင်/နှင့် ကျွန်ုပ်တို့/အကြား/တွင် ကြားဝင်/စေ့စပ်ပေး/သောကြောင့်/ဖြစ်၏။
7 အကယ်၍ ပထမ/ပဋိညာဉ်/သည် အပြစ်ဆိုဖွယ်/မရှိခဲ့/လျှင် ဒုတိယ/ပဋိညာဉ်/ကို ဖွဲ့/ရန် မလိုအပ်ပေ။ 8 သို့ရာတွင် ဘုရားသခင်/သည် မိမိ/လူတို့/ကို အပြစ်တင်/လျက် မိန့်တော်မူသည်/မှာ
“အစ္စရေးလူမျိုး/နှင့်/လည်းကောင်း၊
ယုဒလူမျိုး/နှင့်/လည်းကောင်း
ပဋိညာဉ်/သစ်/ကို ငါ/ဖွဲ့မည့် အချိန်/ရောက်လာမည်/ဟု
ထာဝရဘုရား မိန့်တော်မူ၏။
9 ဤ/ပဋိညာဉ်/သည် သူတို့/၏/ဘိုးဘေးများ/နှင့်
ငါ/ဖွဲ့သော ပဋိညာဉ်/နှင့် ကွဲပြား/လိမ့်မည်။
ငါ/သည် သူတို့/ဘိုးဘေးများ/ကို လက်ဆွဲ/၍ အီဂျစ်ပြည်/မှ ထုတ်ဆောင်/သောအခါ
ထို/သူတို့/နှင့် ပဋိညာဉ်/ဖွဲ့ခဲ့၏။
သူတို့/သည် ငါ့/ပဋိညာဉ်/ကို မစောင့်ထိန်း/သောကြောင့်
ငါ/သည် သူတို့/ကို လျစ်လျူရှုထား၏ ဟု
ထာဝရဘုရား/မိန့်တော်မူ၏။
10 ထာဝရဘုရား/မိန့်တော်မူသည်/မှာ ထို/ကာလ/ပြီးနောက်
ငါ/သည် အစ္စရေး/လူမျိုးတို့/နှင့် ပဋိညာဉ်/ဖွဲ့မည်။
ငါ့/ပညတ်တရား/ကို သူတို့/အသိဉာဏ်/၌ ထည့်သွင်း/၍
သူတို့/၏ နှလုံးသား/၌ ရေးထားမည်။
ငါ/သည် သူတို့/၏/ဘုရား/ဖြစ်/ပြီး
သူတို့/သည် ငါ/၏/လူများ/ဖြစ်ကြ/လိမ့်မည်။
11 အငယ်ဆုံးသောသူ/မှစ၍ အကြီးဆုံးသောသူ/တိုင်အောင်
ငါ့/ကို သိကြမည် ဖြစ်/သောကြောင့်
‘ထာဝရဘုရား/ကို သိလော့’ ဟု အမျိုးသားချင်း/နှင့်
ညီအစ်ကိုချင်းတို့/အား သွန်သင်/ရန် မလိုအပ်ပေ။
12 ငါ/သည် သူတို့/၏ မတရားမှုများ/ကို ခွင့်လွှတ်/ပြီး
သူတို့/၏ အပြစ်များ/ကို မေ့ပစ်မည်”
ဟူ၍ ဖြစ်၏။
13 ဘုရားသခင်/သည် ပဋိညာဉ်/သစ် ရှိမည်/ဟု မိန့်တော်မူ/သောကြောင့် ပထမ/ပဋိညာဉ်/ကို အသုံးမပြုတော့ပေ။ အသုံးပြုခြင်း/မခံရတော့သည့်/အရာ/သည် မကြာမီ ပျောက်ကွယ်သွား/လိမ့်မည်။